မအူပင်တက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ၊ အခြေခံ Aerobic နှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မအူပင် ဇူလိုင် ၂၆

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မအူပင်တက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ၊ အခြေခံ Aerobic နှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားအား ယမန်နေ့ မွန်းလွဲ ၁ နာရီက မအူပင်တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မအူပင်တက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနီနီဦးမှ အဖွင့်အမှာစကားပြောကြားပြီး အားကစားနည်းပြများနှင့် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပါမောက္ခချုပ်ဆရာမကြီးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဆရာ၊ ဆရာမများမှ ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မအူပင်တက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနီနီဦးနှင့် ဒုတိယပါမောက္ခချုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ပါမောက္ခဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)