သာကေတမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် အေရိုးဗစ်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

သာကေတ ဇူလိုင်လ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် အေရိုးဗစ်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီချိန်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက သင်တန်းနည်းပြအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းက ပြိုင်ပွဲဝင်ဝတ်စုံများ ထောက်ပံပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြိုင်ပွဲဝင်သင်တန်းသူများက အေရိုးဗစ်အကဖြင့် သရုပ်ပြခြင်း၊ မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)