မြောင်းမြ ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြရိုင်၊ မြောင်းမြမြို့နယ်၌ အသင်းအချင်းချင်းပံ့ပိုးငွေဖြင့် အထွက်တိုးမျိုး မိုးစပါးစိုက်ပျိုးသော သမဝါယမ အသင်းသားတောင်သူများအား မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးခြင်း အခမ်းအနားကို ဇူလိုင်လ (၂၄) ရက်နေ့မွန်းလွဲ ၁ နာရီက ကျုံဝါးကျေးရွာ၊ ၅မိုင် နည်းပညာပြန့်ပွားရေးစင်တာ၌ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြောင်းမြမြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန္ဒာညွန့်နှင့် မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးတင်မောင်ဝင်းတို့က ကျုံဝါးကျေးရွာရှိ ထွက်တိုးပျော် အထွက်တိုးမျိုးစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၊ အသင်းသား ၂၅ ဦးအား တစ်ဧကလျှင်(၂.၅)သိန်းဖြင့် ဧက၁၀၀ အတွက် ကျပ် (၂၅၀) သိန်းနှင့်ညီမျှသော သွင်းအားစုများအား တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးပေးခဲ့ပြီး အထွက်တိုးမျိုးစိုက်ပျိုး သည်သမဝါယမ အသင်းသားတောင်သူများ သွင်းအားစုအခက်အခဲမရှိစေရေး အချိန်မီသုံးစွဲနိုင်စေရေး ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထွက်ရှိလာသောစပါးများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး အလေးထားကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး အသင်းဥက္ကဋ္ဌ ဦးသိန်းဆိုင်ထွန်း၏လယ်၌ အောင်နိုင်တိုးမျိုးများ ပျိုးထောင်စိုက်ပျိုးမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)