မိုင်းဆတ်မြို့၌ ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မိုင်းဆတ် ဇူလိုင် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်အတွင်းရှိပြည်သူများ ​ရေဘေးအန္တရာယ်ဆိုင်ရာကာကွယ်ရေးလုပ်ငန်းစဉ်များနားလည်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ် ၍ ရှမ်း၊ မြန်မာ၊ အာခါ၊ လားဟူဘာသာတို့ဖြင့်ထုတ်ဝေထားသော အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက  ကွင်းဆင်း​ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မိုင်းဆတ် မြို့မစျေးနှင့် ဈေးရောင်းဈေးဝယ်ပြည်သူများ၊လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွနေရာများ၌ ​ရေဘေးအန္တရာယ်နှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ Hand Speaker ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထက်ထက်(မိုင်းဆတ်)