မြောင်းမြမြို့တွင် အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ကြက်ဥနှင့် ချီးမြှင့်ငွေများပေးအပ်

မြောင်းမြ ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကြက်ဥနှင့် ချီးမြှင့်ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ထိုသို့ပေးအပ်ရာတွင် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး၊ ခရိုင်/မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှူးတို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ထူးချွန်မွေးမြူရေးကျောင်းသား (၂) ဦးအား တစ်ဦးလျှင် ဧရာဝတီတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး၏ ချီးမြှင့်ငွေ (၅၀၀၀၀) ကျပ်စီအား ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်ကြားရေး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၂) ဦးတို့အား ကြက်ဥ စုစုပေါင်း (၂၁၂၀) လုံးပေးအပ်ခဲ့ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)