မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) တွင် (၁/၂၀၂၄) ကွန်ပျူတာအခြေခံသင်တန်းဖွင့်လှစ်

မြောင်းမြ မတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ကျောင်းသား/သူ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတများနှင့် အတတ်ပညာများ တိုးပွားလာစေရန်အတွက် ကွန်ပျူတာအခြေခံသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို မြောင်းမြမြို့မှ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀) ဦးတို့အား မတ်လ (၁) ရက်နေ့မှ မတ်လ (၂၉) ‌ရက်နေ့အထိ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် နေ့လယ် (၂)နာရီမှ (၄) နာရီအချိန်ထိ  စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်သည်။ ယမန်နေ့တွင် ဒုတိယမြောက်နေ့အဖြစ် ခရိုင် ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်နှင့် ဝန်ထမ်းများမှ ဆက်လက်သင်ကြားပေးလျက်ရှိ​သည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင်  အသိပညာပေး Talk Show ပွဲများ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊  စာအုပ်စာစောင်ပြပွဲများနှင့် သင်တန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ဇေယျာ (ပြန်/ဆက်)