ကျောက်ပန်းတောင်း မတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄-ခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့်ကတ်များကို၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် သရဖီဆောင်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်စာမေးပွဲဝင်ခွင့်ကတ်ပြား ထုတ်ယူရန်အတွက်၊ ထုတ်ယူမည့် ကျောင်းသားများအနေဖြင့် လိုင်စင်ဓာတ်ပုံ(၁)ပုံနှင့် နိုင်ငံသားကတ်များ ယူဆောင်လာရမည့်ဖြစ်ပြီး၊ ကာယကံရှင်ကိုယ်တိုင် ထုတ်ယူရမည်ဖြစ်ကြောင်းသိရပြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မတ်လ(၂)ရက်နေ့မှ စတင်ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၄-ခုနှစ်၊ မတ်လ (၁၁) ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ကျောက်ပန်းတောင်းမြို့နယ်၌ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၊ ပုပ္ပားအခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနနှင့် လက်ပန်ပျားအခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနဟူ၍ စာစစ်ဌာန (၃)ခု ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီး၊ အတွင်းဖြေ ကျား (၂၂၇)၊ မ(၃၂၇) ပေါင်း(၅၅၄)နှင့် အပြင်ဖြေ ကျား(၄၉)၊ မ(၁၆၄) ပေါင်း(၂၁၃)ရှိရာ၊ စုစုပေါင်း ကျား(၂၇၆)၊ မ(၄၉၁) စုစုပေါင်း(၇၆၇)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)