အထက်မင်းလှ မတ် ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဖေဖော်ဝါရီ (၂၉) ရက်နေ့ ညနေ (၄) နာရီ ၃၅ မိနစ် အချိန်ကတောမီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည့် မီးဘေးသင့် အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးထောက်ပံ့ပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အောက်ကိုင်းငယ်ကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စု (၁) စုမှ မိသားစုဝင်များကို အားပေးစကားပြောကြားခဲ့သည်။ ယင်းနောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၁၀၅၀၀/) ၊အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၁၀၀၀၀ဝိ/) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့ကို မီးဘေးသင့်အိမ်ထောင်စုဝင်ထံ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)