ဖျာပုံ မတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များတွင် စားသုံးဆီများအားသက်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိလိုက်လံစစ်ဆေးခြင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စားသုံးဆီအရောင်းဆိုင်များအား လိုက်လံစစ်ဆေးကြသည်။
ထိုသို့ စစ်ဆေးရာတွင် ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးမင်းဇော်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့နယ်အစာဆေးဝါး ကော်မတီမှတာဝန်ရှိသူများသည် မြို့နယ်အတွင်း လက်ရှိစျေးကွက်ရောင်းချနေသော စားသုံးဆီအရောင်းဆိုင်များတွင် သက်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် ဗူးဆီများတွင် မြန်မာစာကုန်ညွှန်းအမှတ်အသားပါ/ မပါ၊ အလေးချိန်ပိဿာ ဖော်ပြထားခြင်း ရှိ/ မရှိ၊ FDA ထောက်ခံချက် ပါ/ မပါ လိုက်လံစျေးကွက်စောင့်ကြည့်စစ်ဆေး အသိပညာပေးဆောင်ရွက် ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံ(ပြန်/ဆက်)