ကျောက်ဆည် ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျောင်းနှင့်ဝန်ကျင်သန့်ရှိရေးများလုပ်ငန်း သိရှိလိုက်နာပြီး ကျန်းမာသန်စွမ်းစေရန်အတွက် ကျောက်ဆည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုဖြင့်အခြေခံပညာဦးစီးဌာန၊ ကျောင်း ကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးဌာနတို့ ပူးပေါင်းပြီး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံက်ပိုင်းက လယ်ပြင်၊ ရေဦး၊ ကုန်းမြင့်သာ၊ ရွှေကူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၁) ဒေါ်ကြည်ကြည်ဆွေနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး လယ်ပြင်ကျောင်းမှ ကျောင်းသား၊ကျောင်းသူ(၁၄၃)ဦး၊ ရေဦးကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၅၃)ဦး၊ ကုန်းမြင့်သာကျောင်းမှ(၉၈)ဦး၊ ရွှေကူကျေးရွာကျောင်းမှ (၄၉)ဦးတို့အား ကျန်းမာရေး အသိပညာပေးဆွေးနွေးခြင်း၊ သွားခံတွင်းသန့်ရှင်းရေးနှင့် စနစ်မှန်သွားတိုက်နည်းများ၊ သန့်ရှင်းသောယင်လုံအိမ်သာသုံးစွဲခြင်း စသည့် ကျန်းမာရေးအသိပညာများအကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖြန်းခြင်း၊ ရေကန်များများအား အဘိတ်ဆေးခတ်ခြင်း၊ သံချဆေးနှင့်သံဓာတ်အားဆေး တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်ပြီး ထူးချွန်ထက်မြတ်ပြီး ဗလငါးတန်နှင့်ပြည့်စုံသူများ ဖြစ်စေရေး ကျောင်းကျန်းမာရေးလုပ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)