ကျိုက်လတ်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဘေးသင့်ပြည်သူများအား ရန်ပုံငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ကျိုက်လတ် ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဇူလိုင်လတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဘေးသင့်ပြည်သူများအား ရန်ပုံငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် မြို့နယ်သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင် နှင့်တာဝန်ရှိသူများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအာကာဖြိုးမင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးနိုင်လင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် ပျက်ဆီးဆုံးရှုံးခဲ့သည့် ဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် လုံးဝပြိုကျ ပျက်စီးနေအိမ်(၁၈)လုံးနှင့် သီလရှင်ဆောင် (၁) ဆောင်တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့‌ငွေကျပ် (၁,၆၃၀,၀၀ဝိ/-)တိတိ၊ (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၃၇၀,၀၀ဝိ/-)တိတိ စုစုပေါင်း (၂,၀၀၀,၀၀ဝိ/)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၉)ပုံးတို့အား ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်