ကလော ဇူလိုင် ၂၆
ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိနိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယမန်နေ့ နံနက် ၁၀ နာရီက လက်မပင်ရပ်ကွက်နှင့် မွန်းလွှဲ ၂ နာရီက မိုးကောင်းရပ်ကွက်တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆွေးနွေးပွဲတွင် ကလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး နိုင်လင်းထွန်းက ပြည်သူ့စစ်မှုထမ်းရန် အကျုံးဝင်သူများ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြစ်မှုပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ သတိပြုရန်အချက်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရှိသူများ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ လျှော့ပေါ့ခွင့်ရရှိသူများ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ရွှေ့ဆိုင်းခွင့်ရရှိသူများ၊ စစ်သင်တန်းတက်ရောက်နေစဉ်နှင့် သင်တန်းဆင်းပြီး တာဝန်ထမ်းဆောင်ချိန်များတွင် လစာ၊ စရိတ်၊ ရိက္ခာနှင့် အခြားခံစားခွင့်များအကြောင်း အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်လာကြသော မိဘပြည်သူများက သိရှိလိုသည်များကိုမေးမြန်း ဆွေးနွေးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)