ပေါင် ဇူလိုင် ၃၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကုန်စျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက် ကုန်စည်များ ရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန် များဖြစ်သည့် အမဲသား တစ်ပိဿာ (၁၅၀၀၀) ကျပ်၊ ဝက်သားတစ်ပိသာ (၁၅၀၀၀) ကျပ်၊ ဆန်(၁)ပြည် (၂၅၀၀)ကျပ်၊ ဆီတစ်ပိသာ(၆၀၀၀)ကျပ်၊ ကြက်ဥ(၅)လုံး (၁၂၀၀)ကျပ် စသည်တို့ကို စျေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ အလုအယက် ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စျေးရောင်းချခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သံမရောင်း၊ အဖွဲ့ဝင် ဦးကျော်လင်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် စျေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ စုစုပေါင်း(၂၀)ဦးခန့်က သက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)