လားရှိုးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် နေ့စဉ်ယောဂလာရောက် လေ့ကျင့်သူများဖြင့်စည်ကား

လားရှိုး ဇူလိုင် ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ အားကစားခန်းမတွင် နေ့စဉ် ယောဂလာရောက် လေ့ကျင့်သူများ ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ယောဂလေ့ကျင့်ခြင်းအတွက် ခက်ခဲသော ယောဂကျင့်စဉ်များကို လွယ်ကူအောင် မည်ကဲ့သို့ လေ့ကျင့်ရမည်ကို ယောဂဆရာများဖြစ်သည့် ဆရာအောင်ကျော်မိုး၊ ဆရာမ ဒေါ်နန်းဆိုင်အွမ်တို့က ဦးဆောင်၍ လေ့ကျင့်ပေးလျက်ရှိနေကြောင်း သိရသည်။

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာနတွင် လာရောက်၍ ယောဂလေ့ကျင့်ကြသူများနှင့် လားရှိုးမြို့ရှိ ယောဂချစ်သူများနှင့် နိုင်ငံတကာယောဂနေ့ တွင် စုပေါင်းပြီး ယောဂလေ့ကျင့်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကလေးငယ်များအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲများ ပြုလုပ် ပေးခြင်း၊ ကလေးများဉာဏ်ရည် ဉာဏ်သွေးနှင့် ကိုယ်ခန္ဓာသန်စွမ်းစေရန်အတွက် ပြိုင်ပွဲများပြုလုပ် ခြင်း၊ ကွန်ပျူတာသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ဘာသာစကားသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ Zumba အကများ သင်ကြားပေးခြင်းများအပြင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် စာဖတ်ဝိုင်းများ ပြုလုပ် ခြင်း၊ Talk Show  များ ရိုက်ကူးထုတ်လွှင့်ခြင်းများ ပြုလုပ်ပေးလျက်ရှိ ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)