ဘူးသီးတောင် ဇူလိုင် ၃၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၂၉ ရက်နေ့၊ နံနက် ၇ နာရီခွဲက တောင်မြို့ မြို့ပေါ် ဘုန်းတော်ကြီးကျောင်းများတွင် စုပေါင်းသန့်ရှင်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သပြေကုန်းရပ်ကွက်ရှိ သီရိမဏ္ဍိုင်သပြေကုန်း ဘုန်းတော်ကြီးကျောင်း၊ မီးရထားဆိပ်ရပ်ကွက်ရှိ မြတောင်ဘုန်းတော်ကြီးကျောင်း၊ အနောက်ရပ်ကွက်ရှိ ဂန္ဓာရီဘုန်းတော်ကြီးကျောင်းနှင့် ရွှေဘိမ္မာန်ဘုန်းတော်ကြီးတို့၌ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း အင်အား(၂၇)ဦးတို့ဖြင့် အဖွဲ့(၄)ဖွဲ့ခွဲကာ အမှိုက်များရှင်းလင်းခြင်း၊ ခြုံနွယ်/ပေါင်းပင်များခုတ်ထွင် ရှင်းလင်းကာ စုပေါင်းသန့်ရှင်းရေးကုသိုလ်ပြုခဲ့ကြသည်။
၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီးနှင့်အဖွဲ့သည် ဂန္ဓာရီဘုန်းတော်ကြီးကျောင်းတွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား(အခမဲ့) ဆေးကုသပေးနေမှုအားသွားရောက် ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ကြသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့၊ မြို့သစ်တောင်ရပ်ကွက်ရှိ အားကစားကွင်း သန့်ရှင်းသာယာလှပစေရေး၊ ခရိုင်အဆင့်/မြို့နယ်အဆင့် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများနှင့် အား/ကာဝန်ထမ်းများစုပေါင်းပြီး ဘောလုံးကွင်းအတွင်း မြက်ရိတ်ခြင်း၊ အားကစားကွင်း အတွင်း/အပြင်သန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဘူးသီးတောင်မြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ကြားရှိ ရေမြောင်းတွင် ရေစီးရေလာကောင်းမွန်စေရေး ပိတ်ဆို့နေသောအမှိုက်များ၊ နုန်းများဖြင့်တိမ်ကောနေသော နေရာများကို ရပ်ကွက်နေပြည်သူများ စုပေါင်းလုပ်အားပေး ရှင်းလင်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုကာ အားပေးစကားများပြောကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် ဘူးသီးတောင်တပ်နယ်မှူးဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်း၊ အဖွဲ့ဝင်များနှင့်အတူ ဘူးသီးတောင်တပ်နယ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ကာ ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)