ဒိုက်ဦးမြို့၌ စက်မှုဝန်ကြီးဌာနမှ စပါးခွံလောင်စာသုံး Gasifier စက်ရုံအားကြည့်ရှုစစ်ဆေးခြင်း အခမ်းအနားကျင်းပ

ဒိုက်ဦး ဇူလိုင် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ အောင်စိုးမိုးကျေးရွာ၊ ရဲထွန်း ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်ဦးရဲမြင့်၏ လုပ်ငန်းခွင်၌ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က စက်မှုဝန်ကြီးဌာနမှ စပါးခွံလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ (Gasifier Power Plant) စက်ရုံအား ကြည့်ရှုစစ်ဆေးခြင်းအခမ်းအနားအား ဒိုက်ဦးမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး (ရှေ့) လျှပ်စစ်အင်ဂျင်နီယာ (ဒုတိယ) အင်ဂျင်နီယာချုပ် ဦးရဲဝဏ္ကက တိုင်းဒေသကြီးအတွင်း တည်ဆောက်အသုံးပြုနေသည့် Gasifier စက်ရုံများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရဲထွန်း ဆန်စက်၊ ဆီစက်လုပ်ငန်းရှင် ဦးရဲမြင့်က အဆင့်မြှင့်နည်းပညာဖြင့် တည်ဆောက်ထားသော စပါးခွံလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ (Gasifier Power Plant) တည်ဆောက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးတင်ရွှေဦးက Gasifier နှင့် ပတ်သက်၍လည်းကောင်း၊ စက်မှုဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် ဝန်ကြီးနှင့် တက်ရောက်လာကြသော ဧည့်သည်တော်များက ဦးရဲမြင့် တည်ဆောက်ထားသော စပါးခွံ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ လည်ပတ်နေမှုအား လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြ‌ကြောင်း သိရသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဖိတ်ကြားထားသော ဌာန ဆိုင်ရာအကြီးအကဲများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင် စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)