ကျိုက်မရော သြဂုတ် ၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ မွေးကင်းစမှ အသက်၂နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ဆေးထိုး ဆေးတိုက်ခြင်းများကိုယနေ့နံနက်ပိုင်း မှစတင်၍ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်(၄)ခုရှိ မွေးကင်းစမှ အသက်၂ နှစ်အောက်ထိ ကလေးများအား ဆုံဆို့၊ ကြက်ညာ၊ မေးခိုင်၊အသည်းရောင် အသားဝါ(ဘီ) ပိုး၊ဦးနှောက်အမြှေးရောင်၊ ၅မျိုးစပ်ကာကွယ် ဆေးထိုးနှံပေးခြင်း၊ ဝမ်းပျက်၊ ဝမ်းလျော ဖြစ်စေတတ်သော(Rota) ကာကွယ်ဆေးတိုက်ခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)