ဝါးခယ်မ ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဘုန်းလွင်နှင့် အဖွဲ့သည် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။
ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာသို့ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဘုန်းလွင်နှင့် အဖွဲ့သည် ၎င်းကျေးရွာနေ ဦးဇော်မျိုးထွန်း၏ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်(၁၈၀)သိန်းဖြင့် ဝက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့ ကြောင်း၊ ရေလိန်ကျေးရွာနေ ဦးမျိုးသန့်၏ နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေကျပ်(၁၀)သိန်းဖြင့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ကြာဖြူကျေးရွာနေ ဦးဝင်းဗိုလ်၏ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်(၁၀)သိန်းဖြင့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် သဲကုန်း ကျေးရွာနေ ဦးရွှေပွား၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်(၂၀၀)သိန်းဖြင့် ဆီစက်လုပ်ငန်း ဆောင်ရွက် နေမှုတို့အား ကြည့်ရှုအားပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်၏ စီမံညွှန်ကြားမှုဖြင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်သူများက လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး ဦးဘုန်းလွင်က ထိုက်တန်သော အကျိုးအမြတ်ရရှိရေးအတွက် နည်းစနစ်ကျကျ ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)