ဓနုဖြူမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ 

ဓနုဖြူ ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ပထမဦးစွာ ခရိုင်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် သင်တန်းနည်းပြဆရာမတို့မှ အမှာစကားပြောကြားကာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့သော သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသားများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး၊ အဆိုပါ အခြေခံစက်ချုပ် သင်တန်းအား ဓနုဖြူမြို့နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း(၃.၇.၂၀၂၃) ရက်နေ့မှ (၁.၈.၂၀၂၃)ရက်နေ့ အထိ ဖွင့်လှစ်သင်ကြားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ မအူပင်ခရိုင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမြစိမ်းရောင် ကော်မတီဝင်များ၊ သင်တန်းသား(၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)