ကံမမြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက် တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေး

ကံမ ဩဂုတ် ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူလယ်သမားများ   စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ  ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို   မြို့နယ်အတွင်းရှိ  ကျေးရွာအုပ်စု(၅၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား   ထုတ်ချေးပေးလျက်ရှိရာ  ယနေ့နံနက်(၁၀)နာရီက   သံပုရာကျေးရွာအုပ်စုမှ  တောင်သူ (၁၃၂၈)ဦးတို့၏   မိုးစပါးစိုက်ဧက(၂၈၆)ဧကနှင့် နှမ်းသီးနှံ(၁၃)ဧကတို့အတွက်  မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို   ထုတ်ပေးလျက်ရှိပြီး ယနေ့အထိ    ကျေးရွာအုပ်စု (၂၂) အုပ်စု ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ငွေကျပ် သိန်းပေါင်း သုံးသောင်းအား ထုတ်ချေးပေးရန် လျာထားပြီး မိုးစပါး စိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ် တစ်သိန်း ငါးသောင်းကျပ်နှုန်း ၊   မြေပဲ၊ နှမ်း အစရှိသည့်   အခြားသီးနှံတစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ယနေ့အထိ ကျေးရွာအုပ်စု(၂၂)အုပ်စုမှ  တောင်သူ (၂၃၄၀) ဦး၏   မိုးစပါးစိုက်ဧက(၆၆၄၄၀) ဧက၊ နှမ်းစိုက်ဧက(၃၉၉)ဧက၊ ပဲတီစိမ်း (၇၅)ဧက တို့အတွက်  စုစုပေါင်း ငွေကျပ်(၁၀၁၃၄)သိန်းအား   ထုတ်ချေးပေးပြီးဖြစ်ပြီး ကျန်ရှိ နေသော ကျေးရွာအုပ်စုများမှ ဘဏ်အဖွဲ့ဝင်တောင်သူများကိုလည်း ဆက်လက်၍ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)