မိုင်းယု ဩဂုတ် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့ဖြင့် နေ့စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်အတွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ရေစည်၊ ရေအိုးများ၊ ရေလှောင်ကန်များ၌ အဘိတ်ဆေး ခတ်ခြင်း၊ ရေများတင်ကျန်ရှိနိုင်သည့် ခွက်ဟောင်းများနှင့် တာယာ အဟောင်းများအား မှောက်ထားခြင်း၊ ခြင်လောက်လန်းနှင့် ခြင်များခိုအောင်းဖောက်ဖွားမှု မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ဆောင်ရွက်ခြင်းကို မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များနှင့် ရပ်/ကျေး အုပ်ချုပ် ရေးမှူးများပါဝင်ပြီး ရက်သတ္တပတ်အတွင်း နေ့ရက်အလိုက် အစိုးရနှင့်ပုဂ္ဂလိကရုံးများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ ဈေးဆိုင်များ၊ ဘာသာရေးအဆောက်အဦများရှိရာ နေရာများ၊ မူကြိုနှင့်စာသင်ကျောင်းများ၊ ရပ်ကွက်/ ကျေးရွာများရှိ အများပြည်သူနေ အိမ်ဝင်းများ စသဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အားချာ