ပဲခူးတိုင်းဒေသကြီးအတွင်း မိုးရာသီမကုန်မီ Robusta ကော်ဖီ(၂၃၇)ဧကနှင့် ကိုကိုးသီးနှံဧက(၇၀၀)စတင်စိုက်ပျိုးမည်ဖြစ်

ပဲခူး ဩဂုတ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အယ်နီညိုရာသီဥတုဖြစ်သဖြင့် လာမည့်နွေစပါးစိုက်ရာသီအတွက် ယခုအချိန်ကတည်းက စိုက်ပျိုးရေအား စနစ်တကျသုံးစွဲရန်နှင့် ချောင်းပိတ်/မြောင်းပိတ်လုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ မိုးရေချိန်နည်းပါးသည့် ဒေသများအတွက် ရေအနည်းလိုစပါးမျိုးများ ကြိုတင်စုဆောင်း ဖြန့်ဝေပေးထားရန်လိုအပ်ပြီး မိုးရေချိန်များ၍ ရေနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ခင်းများအား ပြန်လည်ကုစားနိုင်ရေး ပျိုးခင်းများကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ ဒေသခံတောင်သူများအား ခေါင်နှံဖြင့် မျိုးစပါးပြန်လည်အသုံးပြုနိုင်ရေး အသိပညာပေးရန်နှင့် တစ်နှစ်()သီးစိုက်မြေနေရာများတွင် စိုက်ချိန်မှန်၊ စိုက်ပျိုးသီးနှံမှန်ကန်စေရေး သက်ဆိုင်ရာစိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့များက ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်ပြီး သဲဆန်ကုန်းကြောမြေနှင့် ရေကြီးရေနက်ကွင်းများတွင် တစ်နှစ်()သီး သီးထပ်တိုးချဲ့စိုက်ပျိုးလိုအပ်ချက်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ Rabusta ကော်ဖီနှင့် ကိုကိုးသီးနှံစိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသဖြင့် လိုအပ်သည့်နည်းပညာနှင့် မျိုးကောင်းမျိုးသန့်ရရှိရေး အထူးအလေးထား ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မွေးမြူရေးကဏ္ဍနှင့်ပတ်သက်၍ ဥစားသုံးမှုဖူလုံပိုလျှံမှုရှိစေရေး ဥစားကြက်နှင့် ဥစားဘဲ တိုးချဲ့မွေးမြူရန်လိုအပ်ပြီး မြစိမ်းရောင် ကျေးရွာများတွင် တစ်အိမ်ထောင် ကြက်ဖ()ကောင်၊ ကြက်မ()ကောင် မွေးမြူနိုင်ရေး စီမံချက်ချဆောင်ရွက်ရန်နှင့် စီးပွားဖြစ်ဆိတ်မွေးမြူရေးအား ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝငါးမျိုးပြုန်းတီးမှုမရှိစေရေး ဘထ္ထရီရှော့တိုက်ငါးဖမ်းခြင်းနှင့် ငါးမဖမ်းရရာသီအား စနစ်တကျ ထိန်းသိမ်းကာကွယ်ရန်လိုအပ်ပြီး တိရစ္ဆာန်အစာများ ကိုယ်တိုင်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်လို အပ်ကြောင်း၊ မိသားစုဝင်ငွေတိုးတက်ရန်အတွက် အိမ်တွင်းမှု MSMEs လုပ်ငန်းများဆောင်ရွက်နိုင်ရန် အသက်မွေးပညာသင်တန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက တမံများအတွင်း မိုးရေဝင်ရောက်မှုနှင့် နွေစပါးစိုက်ရာသီအတွက် စိုက်ပျိးရေရရှိရေး ဆောင်ရွက်သွားမည့် အစီအမံများ၊ မျိုးကောင်းမျိုးသန့် စုဆောင်းထားရှိမှုနှင့် မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားရှိမှု၊ အသား/ငါး/ စားသုံးမှုဖူလုံပိုလျှံစေရေးဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ စနစ်တကျလယ်ယာမြေများ ဖော်ထုတ်သွားမည့် အစီအစဉ်များ၊ မြစိမ်းရောင်ကျေးရွာများတွင် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွား အစီအမံများနှင့် အသက်မွေးပညာသင်တန်းများ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်သွားမည့် အစီအမံများအား ကဏ္ဍအလိုက်ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးရာသီမကုန်မီ အမည်သစ်သီးနှံဖြစ်သော Robusta ကော်ဖီ (၂၃၇)ဧကနှင့် ကိုကိုးသီးနှံ(၇၀၀)ဧက စတင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)