ကျိုက်မရော သြဂုတ် ၄
ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီ က အ.ထ.က.ခွဲ ရေတွင်းကုန်းကျောင်းခန်းမ၌ ကျင်းပသည်။
လူငယ် စကားဝိုင်းတွင် အ.ထ.က(ခွဲ) ရေတွင်းကုန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်သက် မွန် က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ ဦးစီးအရာရှိ ဒေါ်ချိုမြတ် မြတ်ထွေးက ကျောင်းသားကျောင်းသူ လူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ပေါ်ထွက်လာစေရန်နှင့် ကျောင်းသား လူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာစေပြီး အသင်းအဖွဲ့များတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုဝင်း က လူငယ်နှင့်အားကစားအကြောင်း ပညာပေးဆွေးနွေးသည်။
ထို့နောက် Grade -11မှ မောင်အောင်နိုင်စိုးက လူငယ်နှင့်အားကစား၊ မအိရွှေဇင်ထိုက် Grade-10 က လူငယ်နှင့်ကိုယ်ကျင့်တရား၊ မောင်ဝဏ္ဏနိုင်စိုး Grade-10 က လူငယ်နှင့်ကျန်းမာရေး၊ မသန္တာဝင်း
Grade-10 က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဥ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့်မေးခွန်းများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့သည်။
အခမ်းအနားအပြီးတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကိုယ်ကာယကျန်းမာ ကြံခိုင်ရေးလေ့ကျင့်ခန်းများနှင့် Fitness dance အကများဖြင့် သရုပ်ပြသဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)