ရွှေဘို ဩဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသား/သူများအား သံချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
နှစ်စဉ် ဩဂုတ်လ ဒုတိယပတ်ကို ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုကို ရည်ရွယ်ချက် (၃)ရပ်ဖြင့် ကျင်းပလျက်ရှိကာ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားခြင်းဖြင့် ကျောင်းသား/သူများ ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် ရွှေဘိုကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ သန်ချဆေးတိုက်ကျွေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှုးရုံးမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ မြို့နယ်အမျိုးသမီး စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကာ၊ သန်ချဆေးများတိုက်ကျွေးပေးခဲ့ကြကြောင်း သိရသည်။
အေးမြင့်စန်း