သရက်မြို့၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်အသိပညာပေး ဆွေးနွေးပွဲကျင်းပ

သရက် ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အာဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)မှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်လ ၁၁ ရက်နေ့ နံနက်(၁၀)နာရီက သရက်ခရိုင်ခန်းမ၌ကျင်းပခဲ့ရာ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ(၂၈၀ )ဦးတက်ရောက်ကြသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ခေါင်းဆောင်ညွှန်ကြားရေးမှူးဦးတင်မျိုးလတ်က အဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းနိုင်က မြန်မာနိုင်ငံအနေဖြင့် အဂတိတားဆီးကာကွယ်ရေး ဉပဒေနှင့်ပတ်သက်၍ လေးကြိမ်ထိ ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ပြောကြားကာ ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းတင့်ကလုပ်ငန်းတာဝန်(၈)ရပ် ရည်ရွယ်ချက်(၃)ရပ်တို့ကို အကျယ်တဝင့် ပြောကြားပေးခဲ့သည်။

ထို့နောက်ခရိုင် အဂတိလိုက်စားမှု တာဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင် ခရိုင်ဉပဒေအရာရှိကိုယ်စား ဒုခရိုင်ဉပဒေအရာရှိ ဦးကျော်မင်းထွန်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဉပဒေကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းခဲ့ပြီး  ခရိုင်အဂတိလိုက်စားမှုတာဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်စန်းလွင်က ဝန်ထမ်းတိုင်းလိုက်နာရမည့် အမိန့်နှင့်ညွှန်ကြားချက်များကိုလိုက်နာပြီး အဂတိကင်းစင်သည့် ဝန်ထမ်းအဖွဲ့အစည်းဖြစ်လာအောင် စီမံခန့်ခွဲသူများကလိုက်နာ၍ ပြည်သူ့ဘဏ္ဍာလေလွင့်ဆုံးရှုံးမှုမရှိစေရေးဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကာ ခရိုင်အဂတိလိုက်စားမှု တာဆီးကာကွယ်ရေးအဖွဲ့ (CPU)အဖွဲ့ဝင် ဦးစီးအရာရှိဦးတင်ကိုကိုက အဂတိကင်းစင်ရေးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေမှုအား ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ခရိုင်အဂတိလိုက်စားမှုတာဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင် ဦးစီးဌာနမှူးဦးဝင်းမြင့်က အခွန်(၆)မျိုးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဇော်ထက်(သရက်)