ရွှေကူ ဩဂုတ် ၁၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့ နံနက် ၉ နာရီခွဲခန့်က ကျောင်းသားလူငယ် များဖြင့် ပျော်ရွှင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘက်စုံဖွံ့ဖြိုးရေး ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆေးရောင်ခြည်ပြိုင်ပွဲ၊အားက စားပြိုင်ပွဲများဆောင်ရွက်ခဲ့ရာ ကျောင်းသားလူငယ်(၂၅)ဦးတို့က ပျော်ရွှင်တက်ကြွစွာပါဝင်ယှဉ်ပြိုင်ခဲ့ ကြပြီး စာဖတ်ဝိုင်းများ ပြုလုပ်၍ အပြန်အလှန် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် “စကားပုံများကပေးသည့် အသိပညာဗဟုသုတများ” “စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများ” ခေါင်းစဉ်ဖြင့်ပြသထားသည့် နံရံကပ်စာစောင်များ၊ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်မှတ်တမ်း ဓာတ်ပုံများနှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ကျောင်းသားလူငယ်များ ကျောင်းပိတ်ရက်တွင်းအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်ခြင်းဖြင့် ချစ်ခင်ရင်းနှီးမှုရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပြောဆိုဆွေးနွေးတတ်စေ ရန်နှင့် စာကြည့်တိုက်၌ပျော်မွေ့ပြီးဘက်စုံဖွံ့ဖြိုးသည့် လူတော်လူကောင်းများဖြစ်စေရန် ရည်ရွယ်၍ အဆိုပါ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင် ပြပွဲများ ကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ပပသိန်းက ပြောကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)