‌နောင်ချိုမြို့နယ်၊ ရွှေမုဌောကျေးရွာအုပ်စု၊ ရေဖြူကျေးရွာ ဓမ္မာရုံ၌ ကျေးရွာမြေငှားဂရန်စာချုပ်ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ဆောင်ရွက်

နောင်ချို ဩဂုတ် ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ရွှေမုဌောကျေးရွာအုပ်စု၊ ရေဖြူကျေးရွာ ဓမ္မာရုံ၌ ကျေးရွာမြေငှားဂရန်စာချုပ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူလင်းက အဖွင့်အမှ စကားပြောကြာခဲ့ပြီးနောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ

ဦးမင်းနောင်က ဒေသခံပြည်သူမျာ၏ မြေယာပိုင်ဆိုင်မှုခိုင်မာစေရန်၊ မြေယာပြဿနာ အငြင်းပွားမှုများလျော့ပါးစေရန်၊ ငွေကြေးလိုအပ်ပါကဘဏ်များတွင် ချေးငွေရယူနိုင်စေရန်ရည်ရွယ်၍ ကျေးရွာမြေငှားဂရန်များ ထုတ်ပေး ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက ရွှေမုဌောကျေးရွာအုပ်စု၊ ရေဖြူကျေးရွာဒေသခံပြည်သူ (၁၀၀)ဦးထံသို့ မြေငှားဂရန်စာချုပ်များ လက်ဝယ်အရောက်ပေးအပ်ခဲ့ကာ မြေငှားဂရန်ရရှိသူ ဒေသခံပြည်သူများ၏ကိုယ်စား ကျေးရွာဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း၊ နောင်ချိုမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စုပေါင်း (၄၁)အုပ်စုရှိသည့်အနက် ပထမ၊ ဒုတိယ၊ တတိယဦးစားပေးဖြင့် ရွေးချယ်တင်ပြပေးခဲ့ရာ ရေဖြူ ကျေးရွာသည် ပထမဦးစားပေး ကျေးရွာဖြစ်ကြောင်း၊ လျောက်ထားသည့် အိမ်‌ထောင်စု (၁၀၀)ဦးလုံး မြေငှားဂရမ်ရရှိပါကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။

ထွေးငယ်

နောင်ချို (ပြန်/ဆက်)