မင်းလှမြို့ မလွန်အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

အထက်မင်းလှ ဩဂုတ် ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်မြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉) နာရီက မလွန် အခြေခံပညာအထက်တန်းကျောင်း မြဧရာခန်းမ၌ ကျင်းပခဲ့သည်။        

ရှေးဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မင်းလှမြို့မစခန်းမှူး၊ ဒုရဲမှူးကျော်သန်းထွဋ်က လူကုန်ကူးမှုအန္တရာယ်အကြောင်းအရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာအေးမင်းဇော်က သွားရောဂါဆိုင်ရာများနှင့်ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်အကြောင်းအရာများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဇာဇာငြိမ်းက လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများနှင့် စာဖတ်ခြင်းဖြင့်ရရှိသော အကျိုးကျေးဇူးများအကြောင်း ဟောပြောဆွေးနွေးခဲ့သည်။

အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူများလူငယ်များ လိမ္မာယဥ်ကျေးစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး၊ ဟောပြောပွဲတက်ရောက်လာသည့်ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းအန္တာရာယ်၊ မူးယစ်ဆေးဝါး အန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် ၊ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များအား   စိတ်ပါဝင်စားစွာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ဇာဇာ (အထက်မင်းလှ)