အ.ထ.က (ကြာနီကန်) ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရွှေတောင် သြဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.ထ.က (ကြာနီကန်)ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကိုယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်ခရိုင်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ အမှတ် (၃၇) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမျိုးမင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောလဲစေတက်သောဆေးဝါးများအန္တရာယ်အကြောင်းသိကောင်းစရာများ၊ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးအုန်းမြင့်မှ မူးယစ်ဆေးဝါးနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ ကိစ္စရပ်များအကြောင်းကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ (၁၅၅) ဦးခန့်တက်ရောက်၍ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သိရှိထားသင့်သည့်အသိပညာဗဟုသုတရရှိရေးအတွက် ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)