ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ခရမ်းချဉ်သီးပေါ်ချိန် တစ်ပိဿာ ၂၅၀၀ ကျပ် ရောင်းချနေရခြင်းကြောင့် ခရမ်းချဉ်စိုက်တောင်သူမျာ းတွက်ခြေကိုက်နေ

ညောင်ဦး ဩဂုတ် ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ခရမ်းချဉ်သီးတစ်ပိဿာ ၂၅၀၀ ကျပ် ရောင်းချရခြင်းကြောင့် ခရမ်းချဉ်စိုက်ပျိုးတောင်သူများ ခရမ်းချဉ်သီးလှိုင်လှိုင်ပေါ်ချိန် မိသားစုဝင်ငွေတွက်ခြေကိုက်နေကြကြောင်း အောက်ညဉ့်ကျေးရွာ ခရမ်းချဉ်စိုက်ပျိုး တောင်သူများထံကသိရသည်။

ညောင်ဦးမြို့နယ်တွင် ခရမ်းချဉ်စိုက်ပျိုးသော ကျေးရွာများဖြစ်သည့် လက်ပဲခြေပေါ်အုပ်စုကျေးရွာများ၊ သစ်ထောင့်ကျွန်းအုပ်စုကျေးရွာများ၊ ကတောအုပ်စုကျေးရွာများနှင့် အထက်ညဉ့်၊ အောက်ကျေးရွာများသည် မြေအောက်ရေအသုံးပြုခရမ်းချဉ်စိုက်ပျိုးသည့် ကျေးရွာများဖြစ်ကြကာ ခရမ်းချဉ်သီးလှိုင်လှိုင်ပေါ်ချိန် တစ်ပိဿာဈေးနှုန်း ၂၅၀၀ ကျပ်ရရှိ ရောင်းချနေရခြင်းကြောင့် မိသားစုဝင်ငွေတွက်ခြေကိုက်နေကြကြောင်းသိရသည်။

ခရမ်းချဉ်စိုက်ပျိုးရာတွင် စပ်မျိုးခရမ်းချဉ်များဖြစ်သည့် တိုင်ထောင်ခရမ်းချဉ်၊ ငုတ်တုတ်ခရမ်းချဉ်နှင့် နွယ်ခရမ်းချဉ်မျိုးများအား ရွေးချယ်စိုက်ပျိုးကြကြောင်း၊ စတင်ပျိုးထောင်ချိန် ခရမ်းချဉ်စေ့တစ်စေ့ ပျိုးအိတ်တစ်အိတ်နှုန်းဖြင့်ထည့်ကာ ပျိုးထောင်ကြပြီး ရက်ပေါင်း (၂၀)ခန့်ရှိလျှင် ခရမ်းချဉ်စိုက်မည့်စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးကြောင်းသိရသည်။ ခရမ်းချဉ်စိုက်ပျိုးပြီး တစ်လခန့်ကြာလျှင် ခွ(ဂွ)ပွင့်လိုက်လာပြီး စတင်အပွင့်ပွင့်အသီးသီးကြောင်း၊ နောက်ထပ်အပွင့်များ ဖြိုင်ဖြိုင်လှိုင်လှိုင်ပွင့်လာပြီး ခရမ်းချဉ်သီးများရင့်မှည့်ကာ စတင်ခူးဆွတ်ရောင်းချကြကြောင်းသိရသည်။ ခရမ်းချဉ်သီးခူးဆွတ်ရောင်းချရာတွင် နှစ်ရက်တစ်ခါခူးဆွတ်ရကြောင်းထွက်ရှိလာသည့် ခရမ်းချဉ်သီးများအား ညောင်ဦးမြို့ဈေးကွက်၊ ပခုက္ကူဈေးကွက်နှင့် မြင်းခြံဈေးကွက်များတွင် သွားရောက်ရောင်းချရပြီး ယခုအခါခရမ်းချဉ်သီးတစ်ပိဿာ ၂၅၀၀ ကျပ်ရရှိသည့်အတွက် မြေအောက်ရေအသုံးပြု ခရမ်းချဉ်စိုက်တောင်သူများ မိသားစုဝင်ငွေတွက်ခြေ ကိုက်နေကြကြောင်း ကတောကျေးရွာခရမ်းချဉ်စိုက်တောင်သူ ဦးမင်းညိုကပြောကြား၍ သိရသည်။

ဒီပါလင်း