၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကယားပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေဖြင့် အဆင့်မြှင့် ကတ္တရာကွန်ကရစ်လမ်း ခင်းကျင်းနေမှုများအား ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဩဂုတ် ၂၀

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ပြည်နယ်အတွင်းလမ်းများ၏ လမ်းအရည်အသွေးဆိုင်ရာလုပ်ငန်းစဉ်များ ပြည့်စုံမှန်ကန်ကိုက်ညီမှုရှိစေရေးနှင့် လမ်းအဆင့်မြှင့်တင်ရေးတို့အတွက် ပြည်နယ်လမ်းဦးစီး မှထေးဌားလျားကန်နှင့် လွိုင်ကော်တက္ကသိုလ်ကြားရှိ ဖော်လမ်း၊ အဆင့်မြှင့် ကတ္တရာကွန်ကရစ်ခင်းကျင်းနေမှုများကို ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထို့သို့စစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက  ဖော်ကတ္တရာ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် ဆက်စပ်လုပ်ငန်းဖြစ်သော လမ်းပုခုံးခင်း နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်သူများ ပိုမိုအဆင်ပြေချောမွေ့စွာ ယာဉ်အသုံးပြု သွားလာနိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လွိုင်ကော်တက္ကသိုလ်အနီးရှိ အများပြည်သူများ အပန်းဖြေရာ ထေးငှားလျားကန်သာယာနှင့် ဘဲကန်များသို့သွားရောက်၍ ကန်များအတွင်း အမှိုက်သရိုက်နှင့်ရေမှော်၊ ဒိုက်များကင်းစင်စေရေး၊ ကန်ပတ်လမ်းများ သန့်ရှင်းသာယာလှပစေရေးနှင့် ပြည်သူများကျန်းမာကြံ့ခိုင်ရေးအတွက် အားကစား လှုပ်ရှားဆောင်ရွက်ရာ နေရာတစ်ခုဖြစ်သော လွိုင်ကော်ကန္တရဝတီ ဂေါက်ကလပ်သို့ ဆက်လက်သွားရောက်ကာ ဂေါက်ကလပ်ဝင်းအတွင်း ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့် နေရာများ၊ အဆင့်မြင့်ဆောင်ရွက်ပေးရမည့် နေရာများကိုဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ပြည်သူများအေးချမ်းပျော်ရွင်စွာ အားကစားလှုပ်ရှား ဂေါက်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)