ရေဦး ဩဂုတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒေသခံမိဘပြည်သူများ၊ ဌာနဆိုင်ရာများမိသားစုစားသောက်ရေး အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ ဩဂုတ် ၁၉ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၀န်ထမ်းများက မြသီတာခန်းမရှေ့တွင် တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
ထိုသို့တန်ဖိုးသင့်စားသောက်ကုန်များရောင်းချရာတွင် အားလူး(၂၅)ကျပ်သား၊ ကြက်သွန်နီ(၂၅)ကျပ်သား၊ ကြက်ဥ(၅)လုံးပါ သုံးမျိုးကို ငွေကျပ်နှစ်ထောင်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများမှ တစ်ခဲနက်လာရောက်၀ယ်ယူခဲ့ကြကြောင်း သိရသည်။
ယခုလို အခက်အခဲဖြစ်နေချိန်ကာလမှာ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသည့်အတွက် ၀မ်းသာပီတိဖြစ်ရသလို မြို့နယ်တာ၀န်ရှိသူများကိုအထူပင် ကျေးဇူးတင်လျက်ရှိကြောင်း ဈေး၀ယ်သူများ၏ပြောစကားများ ကြားသိခဲ့ရသည်။
သန်းသန်း (ရေဦး )