ပေါင်းတည်မြို့နယ်၌ နေရပ်စွန့်ခွာအိမ်​ထောင်စုများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ရေးပစ္စည်းများပေးအပ်

 ပေါင်းတည်  သြဂုတ် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်အတွင်း လာရောက်ခိုလှုံလျက်ရှိသော နေရပ်စွန့်ခွာအိမ်ထောင်စုများအား ယမန်နေ့နံနက်၉နာရီခွဲက ခိုလှုံရာအရပ်သို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ရေးပစ္စည်းများ လာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ် ကြက်မနက်ကျေးရွာနှင့်ပျဉ်းမခေါင်ကျေးရွာတို့မှ နေရပ်စွန့်ခွာအိမ်ထောင်စု၈၈စုသည် ပေါင်းတည်မြို့နယ် ကြာနီကန် ကျေးရွာနှင်မဲခေါင်းကျေးရွာ ဘောလုံးကွင်းများအတွင်း လာရောက်ယာယီခိုလုံလျက်ရှိရာ အဆိုပါအိမ်ထောင်စုများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက အသင်း၏မူဝါဒနှင့်အညီ လူသားခြင်းစာနာမှုဆိုင်ရာကူညီထောက်ပံ့ရေးလုပ်ငန်းကို လာရောက်ဆောင်ရွက် ကြခြင်းဖြစ်ကြောင်း သိရ သည်။

ထောက်ပံ့ပေးအပ်ပွဲမစတင်မီ ဦးစွာ တိုင်းဒေသကြီး ကြက်ခြေနီအသင်းဒုတိယဥက္ကဌ ဦးစိုးဝင်းသန်းက ထောက်ပံ့ခြင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။ယင်းနောက် အဝတ်အထည်များနှင့် လူသုံးကုန်ပစ္စည်းများအပါအဝင် ထောက်ပံ့ရေးပစ္စည်း၁၆မျိုးကို နေရပ် စွန့်ခွာအိမ်ထောင်စုများအား ဖြန့်ဝေပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါထောက်ပံ့ရေးပစ္စည်းများပေးအပ်ပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဒုတိယညွှန်ကြားရေး မှူးဒေါ်မိုးသီတာဝင်းနှင့်အတူ ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီအသင်း ဒုတိယဥက္ကဌ ဦးစိုးဝင်းသန်း၊ ပေါင်းတည်မြို့နယ် ကြက်ခြေနီအသင်းဥက္ကဌ ဦးမြတ်ထွန်းနှင့်အဖွဲ့ဝင်များ၊ ပြည်ခရိုင် ကြက်ခြေနီ တပ်ဖွဲ့မှူးဦးဝင်းကြိုင်၊ ပေါင်းတည်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးဦးကြည်ထွန်းနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ နတ်တလင်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ မှူ ဦးငြိမ်းချမ်းချိုတို့ တက်ရောက်ကြပြီး တက်ရောက်လာကြသော တာဝန်ရှိသူများကထောက်ပံ့ရေးပစ္စည်းများကို ဖြန့်​ဝေပေးခဲ့ကြကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)