ဝေါလေမြိုင် ဩဂုတ် ၂၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက် ၁၀ နာရီက ယာဥ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးနံရံကပ် စာစောင်ကို ပြသဆောင်ရွက်ကြောင်းသိရသည်။
အဆိုပါနံရံကပ်စာ စောင်တွင် မော်တော်ယာဥ်မောင်းနှင်သူများ လိုက်နာရမည့် အချက်များနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် လမ်းအမှတ်အသားများ၊ လမ်းညွှန်ဆိုင်းဘုတ်အမှတ်အသားများ၊ မော်တော်ယာဉ်များမောင်နှင်နေစဉ်ဖုန်းပြောခြင်း၊ မူးယစ် သောက်စားခြင်း၊ မော်တော်ဆိုင်ကယ် မောင်းနှင်လျှင် ဦးထုပ်ဆောင်ရန်၊ စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ပတ်သက်၍ လိုက်နာရမည့်အချက်များ စသည်တို့ကိုပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်လေ့လာ ဖတ်ရှုကြကြောင်း သိရသည်။
နှင်းဝေဦး (ဝေါလေမြိုင်)