မိုင်းရယ်မြို့နယ် မန်ဖျက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

မိုင်းရယ်   ဩဂုတ် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီက မန်ဖျက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အ.လ.က(မန်ဖျက်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြိုးစုမာလာက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်မာလာက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကိုပြုလုပ်ရာ ဦးဆောင်ဆွေးနွေးသူ ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ခင်မာလာ၊ အား/ကာမှူးဒေါ်နန်းခမ်းမို၊ ကျောင်းအုပ်ဆရာမကြီးဒေါ်ဖြိုးစုမာလာနှင့် Grade 9 မှ “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့် မမေစိုးထက်၊ “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် မရွှေရတီချို၊ “ လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် မအေးစန္ဒာကျော်၊ “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့် Grade-6 မှ မနန်းထွေးငယ်နှင့် “လူငယ်နှင့်ဆိုရှယ်မီဒီယာ” ခေါင်းစဉ်ဖြင့် Grade-8 မှ မဖြူဖြူခိုင်တို့က အသီးသီးဆွေးနွေးကြသည်။ ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား/သူများကဆွေးနွေးသည့် ခေါင်းစဉ်များအလိုက် သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ လူငယ်စကားဝိုင်းအခမ်းအနားသို့ မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ် အား/ကာမှူး၊ အ.ထ.က(ခွဲ)(ဟိုယ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် အ.လ.က (မန်ဖျက်)မှ ဆရာ/ဆရာမများ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုင်းရယ်ပြန်/ဆက်