မဟာအောင်မြေမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး

မဟာအောင်မြေ  ဩဂုတ်  ၂၁

မန္တ‌လေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ Mobile Library စနစ်ဖြင့် လစဉ်စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ဆောင်ရွက်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြညသူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုး‌ကြောင့် ကိုယ်တိုင်မလာရောက်နိုင်သည့် ကျောင်းသား/သူများ စာဖတ်ပရိသတ်များထံ စာအုပ်စာပေများကို အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန်ရည်ရွယ်၍ စာဖတ်ပရိသတ်များထံအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပြီး စာအုပ်စာစောင် အသစ်များ‌ ရောက်ရှိပါက သွားရောက်လဲလှယ် ပေးသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် စာဖတ်ပရိသတ်များ ကြိုက်နှစ်သက်သည့် သုတ/ ရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထုစာအုပ်များနှင့် ရုပ်ပြစာအုပ်များအား စာဖတ်ပရိတ်သတ်များထံ လက်ဝယ်အရောက်သွားရောက် ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာကြည့်တိုက်မှူးနှင့် ဝန်ထမ်းများက စာဖတ်ပရိသတ်များထံသို့ ကိုယ်တိုင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း