နွားထိုးကြီးမြို့ မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်

နွားထိုးကြီး ဩဂုတ်  ၂၁

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၁) ရပ်ကွက်အတွင်းရှိ မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် (၉) နာရီက အမျိူးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းမှကြီူမှူး၍ အသိပညာပေးဟောပြောပွဲ ကျင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲမှူးရဲမှူး မိုးဇော်ထွန်းက မူးယစ် ဆေးဝါးအကြောင်း၊ နွားထိုးကြီးမြို့မ ဒုတိယစခန်းမှူး ရဲအုပ်ဝဏ္ဏကိုက လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအကြောင်းနှင့် မြို့နယ်ဥပဒေအရာရှိ ဒေါ်မွန်မွန်အောင်က သက်ငယ်မုဒိန်းအကြောင်း အရာများကို အသိပညာပေး ဟောပြောခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးဇော်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အင်ကြင်းခင်ဇော်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်