လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ်တွင် တစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေး အထွက်ကောင်းမျိုး နယူးဧရာစပ်မျိုးစိုက်ပျိုးထားရှိမှုနှင့် မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲအခမ်းအနားတက်ရောက်

ဝါးခယ်မ  ဩဂုတ်  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ဝါးခယ်မမြို့နယ်တွင် တစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေး အထွက်ကောင်းမျိုး နယူးဧရာစပ်မျိုးစပါး စိုက်ပျိုးထားရှိမှုအားကြည့်ရှု၍ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲအခမ်းအနား တက်ရောက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသည် ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာရှိ၊ တောင်သူဦးရွှေပွား၏ လယ်မြေ(၁)ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေး အထွက်ကောင်းမျိုး နယူးဧရာစပ်မျိုးစိုက်ပျိုးထားရှိမှုအားကြည့်ရှု၍ ပိုက်ဆံလျှော်စိုက်ပျိုးရန် မြေနေရာများလမ်းညွှန်မှာကြားခဲ့ပြီး ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းရှိ “အောင်ဇေယျခန်းမ”သို့ ရောက်ရှိလာပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ နယ်မြေလုံခြုံရေးအတွက် လှည့်ကင်း/ဝပ်ကင်းဆောင်ရွက်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ ပိတ်ဆို့ရှာဖွေခြင်းများ ဆောင်ရွက်ရန်လိုအပ်ချက်များ၊ မိုးစပါးစိုက်ပျိုးမူနှင့် အထွက်နှုန်းကောင်းမွန်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ခေတ်မီနည်းပညာများဖြင့် ဆောင်ရွက်ရန်လိုအပ်ချက်များစသည်တို့အား အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)