ကြံခင်းမြို့နယ် (အ.မ.က)အင်တိုင်းကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကြံခင်း ဩဂုတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (အ.မ.က)အင်တိုင်းကျောင်းရှိ ကျောင်းသား/သူများ အသိဉာဏ်ပညာဖွံဖြိုးတိုးတတ်စေရန်  စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ဆောင်ရွက်ကြသည်။

ရှေးဦးစွာ (အ.မ.က)အင်တိုင်းကျောင်းအုပ်ဆရာကြီး ဦးအောင်လွင်ဦးက ကျောင်းသား/သူများ  မူလတန်းအဆင့်မှစပြီး စည်းကမ်းကောင်းသော ပညာထူးချွန်သူများဖြစ်လာစေရန် ကြိုးစားကြရန်‌ ပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူး (၇)မျိုးအား အသိပညာပေးဟောပြောကြသည်။

ထိုနောက်ကျောင်းသား/သူများ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မားရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ပေးကာ မြို့နယ်ဦးစီးအရာရှိက အမှတ်တရလက်ဆောင်များပေးအပ်ပြီး အသိပညာပေးနံရံကပ်စာစောင်များကိုပြသရာ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို အသိပညာပေးပြသထားရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)