ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ဒိုက်ဦး ဩဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပွင့်တကောင်းကျေးရွာ၊  (အ.လ.က-ခွဲ)ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက် ၃ ဒေါ်သင်းသင်းလတ်က စာဖတ်ပါခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေလင်းဦးက လူငယ်နှင့်ခေါင်းဆောင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အား/ကာသိပ္ပံကျောင်းအကြောင်း သိကောင်းစရာများအကြောင်းကိုလည်းကောင်း ဟောပြောပြီးနောက် ဝန်ထမ်းများက ကျောင်းသား/သူများအား ကျန်းမာရေးနှင့်ပတ်သက်သည့် ကိုယ်လက်လှုပ်ရှားအားကစားနည်း (Fitness Dance)သင်ကြားပို့ချခဲ့သည်။

ကျောင်းသားလူငယ်များ အားကစားကို စိတ်ပါဝင်စားလာစေရန်၊ အားကစား‌၏ အကျိုးကျေးဇူးကိုသိရှိပြီး ပုံမှန်အားကစားလေ့ကျင့်မှုများ ပြုလုပ်နိုင်ကြစေရန်၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများအကြောင်း သိရှိပြီး မျိုးဆက်သစ်လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးစီးအရာရှိက ပြောကြားခဲ့သည်။

မြို့နယ်(ပြန်/ဆက်)