(၂၄)ကြိမ်​မြောက် အဆို၊အက၊အ​ရေး၊အတီး ခရိုင်အဆင့်ပြိုင်ပွဲ ကျင်းပနိုင်​ရေး လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေး ကျင်းပ

ချောက် သြဂုတ် ၂၄

မ​ကွေးတိုင်း​ဒေသကြီး​၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် (၂၄) ကြိမ်​မြောက် အဆို၊အက၊အ​ရေး၊အတီး ခရိုင်အဆင့် ပြိုင်ပွဲကျင်းပနိုင်​ရေး လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ​​ချောက်ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ​ဝေဖြိုး​ဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် (၂၄) ကြိမ်​မြောက် အဆို၊အက၊အ​ရေး၊အတီး ပြိုင်ပွဲ တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် ကျင်းပရမည့် ​နေ့ရက်များ သတ်မှတ်ပြီးဖြစ်၍ ချောက်ခရိုင်အ​​နေဖြင့် ပထမဆုံးအကြိမ် ခရိုင်အဆင့်ဖြစ်၍ ဆို၊က၊​ရေး၊တီးပြိုင်ပွဲကို အောင်မြင်​စွာ ကျင်းပနိုင်​ရေး ဝိုင်းဝန်း ​ဆောင်ရွက်ပေးကြပါရန် ထည့်သွင်းပြောကြားခဲ့ပြီး ချောက်ခရိုင်အထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦး​ကျော်စိုးက ဆို၊ က၊​ ရေး၊ တီး ပြိုင်ပွဲ​ အောင်​မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းစီမံချက်မူကြမ်းအား ချပြရှင်းလင်းခဲ့သည်။

ထို့​နောက် ​ချောက်မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးစိုးလွင်က ယခင်နှစ်ပါဝင်ယှဥ်ပြိုင်ခဲ့မှုအ​ခြေအ​နေများနှင့် ဝိုင်းဝန်း​ဆောင်ရွက်ခဲ့မှုများ ယခုနှစ်တွင်လည်း ပြိုင်ပွဲတွင် ပညာရှင်ရရှိ​ရေးနှင့် ပြိုင်ပွဲဝင်ရရှိ​​ရေးများကို စီမံ​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း၊ရေနံ​ချောင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးပြည့်ဖြိုး​မောင်က ယခင်နှစ်က ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် လိုအပ်ချက်များ​၊ ယခုနှစ်တွင်ဆောင်ရွက်မည့် အခြေအနေများနှင့် အုပ်ချုပ်မှုကဏ္ဍတွင် ကူညီ​ဆောင်ရွက်​ပေးရေး တင်ပြဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ပညာ​ရေးမှူး ဦးမန်း​အောင်က အုပ်ချုပ်ထောက်ပံ့ပေးမှုအပိုင်းများအား တင်ပြပြီးဒိုင်အဖွဲ့တွင် သဘင်ပညာရှင်များမှလည်ပါဝင် ကူညီပူး​ပေါင်းဆောင်ရွက်​ပေး​ရေး တင်ပြဆွေးနွေးခဲ့ပါသည်။

ထို့နောက် အစည်းအ​ဝေးတက်​ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာ​​ရေးဌာနမှ တာဝန်ရှိသူများ၊ ချောက်၊ ရေနံ​ချောင်းမြို့နယ်များမှ သဘင်အစည်းအရုံး တာဝန်ရှိသူများက ဆို၊က၊​ရေး၊တီး ပြိုင်ပွဲ​စီမံချက်မူကြမ်းတင်​ပြမှုအပေါ် အသီးသီး ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြသည်။

ကျော်မိုး(ပြန်/ဆက်)