မန်တုံမြို့နယ်၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌  လူငယ်စကားဝိုင်း ကျင်းပ

မန်တုံ သြဂုတ် ၂၃

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များအသိပညာ ဗဟုသုတကြွယ်ဝစေရန် ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ လူထုပရိတ်သတ်ရှေ့ ပြောဆိုဆွေးနွေးတတ်စေရန် ရည်ရွယ်၍ သြဂုတ် ၂၁ ရက် နံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆရာမဒေါ်လှိုင်လှိုင်မြင့်က လူငယ်ရေးရာသိကောင်းစရာများ ရှင်းလင်းပြောကြားပြီး  လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်းမှ Grade-6 ကျောင်းသား မောင်လုမ်ဆီက “လူငယ်နှင့် စိုးရိမ်စိတ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသူ မခင်သန္တာထွေးက “လူငယ်နှင့် စူးစမ်းလေ့လာမှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-6 ကျောင်းသူ မအိုအီက “လူငယ်နှင့် အလေ့အထကောင်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-6 ကျောင်းသူ  မအမ်ခင်ထွေးက “လူငယ်နှင့် အထက်တန်းစားစိတ်ဓာတ် ” ခေါင်းစဉ်ဖြင့်လည်းကောင်း  ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုအပေါ် သိရှိလိုသည်များကို တက်ရောက်လာသည့် ကျောင်းသူ၊ ကျောင်းသားများမှ မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများနှင့် တာဝန်ရှိအကြီးအကဲများက ပြန်လည်ဖြေကြားခဲ့ပြီး လူငယ် စကားဝိုင်းသို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)