မန်တုံမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ “မူးယစ်ကင်းစင်သောဘဝ သာယာလှပအေးချမ်းရ ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်

မန်တုံ သြဂုတ် ၂၂

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ မွန်းလွဲ(၁:၃၀)နာရီ အချိန်က ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ်(၁၂)ပါ စာရေးဆရာသိင်္ဂီမေရေးသားသည့် “မူးယစ်ကင်းစင်သော ဘဝ သာယာလှပအေးချမ်းရ”ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများနှင့် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် ကို ဦးစွာရှင်းလင်းပြီး မအေးရီ(Grade-6)မှ လူသားတစ်ရပ်လုံးကို လူညွှန့်တုံးစေနိုင်သည့် မူးယစ် ဆေးဝါးသည် လူ့ဘောင်လောကကို ခြိမ်းခြောက်လျက်ရှိသည့် ဘုံရန်သူဖြစ်သည်။ ထိုဘုံရန်သူကို ကာကွယ်နိုင်ရေးအတွက် တရားမဝင် ဘိန်းစိုက်ပျိုးမှုများနှင့် ရောင်းဝယ်ဖောက်ကားမှုများကို အချိန်မီ ဖော်ထုတ်အရေးယူဆောင်ရွက်သွားရန် လိုအပ်ပါသည်။ အစရှိသော စာပိုဒ်အားလည်းကောင်း၊ မထွေးထွေးခိုင် (Grade-6)မှ မူးယစ်ဆေးဟုဆိုရာတွင် အရက်၊ ဘီယာ၊ စီးကရက်(ဆေးလိပ်၊ ဆေးရွက်ကြီး)၊ ဘိန်းဖြူ၊ ဘိန်းမဲ၊ စိတ်ကြွဆေးများ၊ ဆေးခြောက်နှင့် ကိုကင်းတို့ပါဝင်ပါသည် အစရှိသော စာပိုဒ်အားလည်းကောင်း၊ မအိုအင်(Grade-6)မှ “ဆေးလိပ်သောက်တတ်သော အလေ့အကျင့်သည် အပေါင်းအသင်းမကောင်း၍ ဆေးလိပ်သောက်တတ်သွားခြင်း၊ စတိုင်လ်လုပ်ခြင်း၊ ဂိုက်ပေးခြင်း စသည့် အတုခိုးမှားမှုများကြောင့် ဆေးလိပ်သောက်တတ်သွားခြင်းဖြစ်သည်” အစရှိသည့် စာပိုဒ်အားလည်းကောင်း၊ မောင်းအောင်ကျော်မြင့် (Grade-6)မှ မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးများ တရားမဝင်ရောင်းဝယ်ဖောက်ကားခြင်းသည် ငွေကြေးလွယ်ကူစွာရရှိသည့် လုပ်ငန်းဖြစ်နေသောကြောင့် ကမ္ဘာတစ်ဝန်းတွင် မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်မှုများ ဖြစ်ပွားနေဆဲပင်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို အသီးသီးဖတ်ကြားပြီးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

မန်တုံ