ဆွမ်ပရာဘွမ် ဩဂုတ် ၂၄
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် အခြေခံပညာအထက်တန်း ကျောင်းသို့ ကျောင်းကျန်းမာရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းသား၊ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါက်တာသန်းထွန်းဝင်း၊ ကျန်းမာရေးမှူးအဆင့် (၁)ဒေါ်ဂျေလုဂျာ၊ ဘက်စုံသားဖွား ဆရာမ ဒေါ်ဘောက်ဆိုင်း၊ တာဝန်ကျ ဆရာ/ဆရာမများ၊ Health Poverty Action(HPA) အဖွဲ့မှ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၏ခြေသည်း၊ လက်သည်း၊ အထွေထွေကျန်းမာရေး၊ ငှက်ဖျားပိုး ရှိမရှိ သွေးဖောက်စစ် ဆေးပေးခြင်း၊ သံဓာတ်ဆေးပြားများတိုက်ကျွေးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးစသည့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဧပရယ်မိုး(ဆွမ်ပရာဘွမ်)