မောက်မယ် သြဂုတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတို့က ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် အတွက် အဆိုပြုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အဆိုပြုလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မောက်မယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးအေးသိန်းက အဆိုပြုလုပ်ငန်းဆိုင်ရာကိစ္စရပ်များ စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများတို့မှ မိမိတို့၏၂၀၂၄−၂၀၂၅ဘဏ္ဍာရေးနှစ်အတွက် အဆိုပြုလုပ်ငန်းဆောင် ရွက်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)