ပေါင် ဩဂုတ် ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၂၄)ကြိမ်မြောက် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို အခြေခံပညာ ကျောင်းများနှင့် ရပ်ကွက်/ကျေးရွာရှိဝါသနာရှင် ပြည်သူများ ပါဝင်ယှဉ်ပြိုင်ကြဖို့ ဖိတ်ခေါ်ပါကြောင်းအမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်လင်းဦးက ယခင်နှစ်ကျင်းပခဲ့မှုအပေါ် အားနည်းချက်များကို အဖြေရှာ၍ ပြိုင်ပွဲကျင်းပရေးကော်မတီ အဖွဲ့ဝင်များအားလုံးက ယခုနှစ်ပြိုင်ပွဲကြီးကို အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ဖိတ်ကြားထားသည့် ပြိုင်ပွဲကျင်းပရေးကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများအလိုက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော လုပ်ငန်းစဉ်များနှင့် ပြိုင်ပွဲအမျိုးအစားစုံလင်စွာ ထည့်သွင်းကျင်းပနိုင်ရေး ရှင်းလင်းတင်ပြမှု များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်ဆက်)