သတင်းများ

မိုင်းတုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်း ထုတ်ပြန်ကြေညာ
Jul 27,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက အ.ထ.က(မိုင်းတုံ)တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
နမ့်စန်တွင်  အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ
Jul 27,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင် နမ့်စန်မြို့နယ်တွင်အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား၊အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီခွဲက မြို့နယ်ကျောက်တိုင် အားကစားကွင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၃၅.၁၅ ရာခိုင်နှုန်းအောင်မြင်
Jul 27,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် မတ်လ၌ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၃) ခုမှ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုအောင်မြင်သူများအား ယနေ့နံနက်ပိုင်းက အ-ထ-က(ဆင်ပေါင်ဝဲ)နှင့် စာစစ်ဌာနအသီးသီးတွင်ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ  ၂၆ ဒသမ ၆၀ ရာခိုင်နှုန်းရှိ
Jul 27,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ တန့်ယန်းစာဖြေဌာနမှ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီမှ စတင်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် အမှတ်(၁)၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့၌ ထုတ်ပြန်ကြေညာထားသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၁၆၀) ဦး ၆၅ ဒသမ ၅၇ ရာခိုင်နှုန်းအောင်မြင်
Jul 27,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲ၌ ကျောင်းသား၊ ကျောင်းသူ (၁၆၀) ဦး ၆၅ ဒသမ ၅၇ ရာခိုင်နှုန်းအောင်မြင်ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်၌ ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်‌ကြေငြာ
Jul 27,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့နံနက် ၆ နာရီအချိန်က မိုင်းခတ်မြို့နယ် ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်)တို့တွင် ထုတ်ပြန်ကြေညာကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ
Jul 27,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြို့နယ်အတွင်းရှိ စာစစ်ဌာန (၂)ခုတွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၈၆၆ ) ဦးတွင် (၃၀၀) ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။ 
အ.ထ.က(မိုင်းကိုင်)စာစစ်ဌာန၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ကပ်ထားကြေညာ
Jul 27,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီမှစ၍ အ.ထ.က(မိုင်းကိုင်) စာစစ်ဌာန၌ ကပ်ထားကြေညာလျက်ရှိသည်။