ဆင်ပေါင်ဝဲ ဇူလိုင် ၂၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် မတ်လ၌ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၃) ခုမှ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုအောင်မြင်သူများအား ယနေ့နံနက်ပိုင်းက အ-ထ-က(ဆင်ပေါင်ဝဲ)နှင့် စာစစ်ဌာနအသီးသီးတွင်ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်တွင်စာစစ်ဌာန(၃)ခုရှိသည့် အနက် (ဆင်ပေါင်ဝဲ) စာစစ်ဌာန တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ (၇၉)ဦး၊ အောင်မြင်သူ (၂၉)ဦး၊ (လက်ပန်) စာစစ်ဌာန တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ (၇၁)ဦး၊ အောင်မြင်သူ (၁၈)ဦး၊ (ချောင်းကောက်) စာစစ်ဌာန တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ (၁၈၀)ဦး၊ အောင်မြင်သူ (၆၉)ဦး၊ စုစုပေါင်း ဖြေဆိုသူ (၃၃၀)ဦး၊ အောင်မြင်သူ (၁၁၆) ဦးရှိပြီး အောင်ချက် ၃၅.၁၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှသိရသည်။
အဆိုပါ အောင်မြင်သူများအနက် (ချောင်းကောက်)စာစစ်ဌာနတွင် ဇီဝဗေဒဘာသာ ဂုဏ်ထူးရှင် (၁) ဦး၊ ပထဝီ၊ သမိုင်းဘာသာဂုဏ်ထူးရှင် (၁) ဦး စုစုပေါင်း (၂) ဦး ထူးချွန်စွာ အောင်မြင်ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)