သာယာဝတီမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ

သာယာဝတီ   ဇူလိုင် ၂၇

  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြို့နယ်အတွင်းရှိ စာစစ်ဌာန (၂)ခုတွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၈၆၆ ) ဦးတွင် (၃၀၀) ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။ 

 အဆိုပါ  တက္ကသိုလ်ဝင်စာမေးပွဲ‌ အောင်စာရင်းများကို မြို့နယ်အတွင်းရှိ အ.ထ.က(၁) သာယာဝတီ၊ အ.ထ.က(သုံးဆယ်)၊ စာစစ်ဌာန (၂)ခုတို့၌  တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၏ အောင်စာရင်းများအား ​ ထုတ်ပြန်ကြေညာထားပြီး တစ်မြို့နယ်လုံး၏ အောင်စာရင်းအား မြို့နယ်ပညာရေးမှူးရုံးတွင်ထုတ်ပြန်ထားကြောင်း၊ ဖြေဆိုသူ (၈၆၆)ဦးတွင် အောင်ချက်ရာခိုင်နှုန်း ၃၄ ဒသမ ၆၄ ရာခိုင်နှုန်းဖြင့် စုစုပေါင်း (၃၀၀) ဦးအောင်မြင်ခဲ့ပြီး တစ်ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၃)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁၅)ဦး၊လေးဘာသာဂုဏ်ထူးရှင် (၁)ဦးနှင့်ရိုးရိုးအောင် (၂၆၅)ဦး ထူးချွန်စွာအောင်မြင်ခဲ့ကြောင်းသိရသည်။

သန့်ဇော်(ပြန်/ဆက်)