တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ  ၂၆ ဒသမ ၆၀ ရာခိုင်နှုန်းရှိ

တန့်ယန်း ဇူလိုင် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တန့်ယန်းစာဖြေဌာနမှ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီမှ စတင်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် အမှတ်(၁)၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့၌ ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ တန့်ယန်းစာဖြေဌာနတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၁၁)ဦး စာရင်းပေးသွင်းထားပြီး ကျောင်းသား၊ ကျောင်းသူ (၁၈၈)ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၀)ဦး အောင်မြင်သည့်အတွက် အောင်ချက်ရာခိုင်နှုန်း ၂၆ ဒသမ ၆၀ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မင်းလွင်ဦး (တန့်ယန်း)